ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီ အဖွဲ့ချုပ်
“Shan
Nationalities League for Democracy”
တည်ထောင်သည့်နေ့ - ၁၉၈၈ (၁၂.၆.၂၀၁၂
တွင် ပြန်လည်မှတ်ပုံတင်)
ရုံးချုပ် - မရမ်းကုန်းမြို့နယ်၊
ရန်ကုန်မြို့
ဥက္ကဋ္ဌ - ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရသူ - ၂၃ ဦး
၂၀၁၀ ရွေးကောက်ပွဲအနိုင်ရသူ - မယှဉ်ပြိုင်
၂၀၁၂ ရွေးကောက်ပွဲအနိုင်ရသူ - မယှဉ်ပြိုင်
၂၀၁၅ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း - ၁၅၆ ဦး
ပါတီဖြစ်စဉ်အကျဉ်း
၁၉၉၀
ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးနောက် အများဆုံးအနိုင်ရခဲ့သည့်
ပါတီဖြစ်သော်လည်း ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအ၀င် ပါတီဝင်အများအပြား ဖမ်းဆီးထောင်ချ
ခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ဦးခွန်ထွန်းဦးသည် ထောင်ဒဏ် နှစ် ၉၀ ကျခံနေရဆဲဖြစ်ကာ
၎င်း၏ ပါတီမှာလည်း ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ပြီး ပါတီမှတ်ပုံတင်လည်း
ပယ်ဖျက်ခံခဲ့ရသည်။ နောက်နှစ်နှစ်အကြာတွင် ၂၀၁၂ ခုနှစ်တွင် ဦးခွန်ထွန်းဦးသည် ထောင်ဒဏ်
ဦးခွန်ထွန်းဦးသည် ထောင်မှပြန်လည်လွတ်မြောက်လာ ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။