အဖအမည် ဦးလှတင်
အသက် ၃၂နှစ်
ရရှိခဲ့သော ဘွဲ့ ဥပဒေဘွဲ့ ( LL.B )
အလုပ်အကိုင် ရှေ့နေ ( အထက်တန်းရှေ့နေ )
ပါဝင်ခဲ့သည့် အဖွဲအစည်း နှင့် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခန်းကဏ္ဍ များ
ရှမ်းပြည်နယ်အတွင်း တရားမျှတရေး ၊ အမှု မှန်ပေါ်ပေါက်ရေး ၊ဥပဒေဆိုင်ရာအကူအညီ လိုအပ်နေသူများ အတွက် အခမဲ့ လိုက်ပါဆောင်ရွက်ပေးခြင်းများကို ( Peace and Justic Law Far) အဖွဲ့ဝင်တစ်ဦး အဖြစ် တက် ကြွစွာပါဝင်ဆောင်ရွက်နိုင်ခဲ့သည်။
ထို့အတွက်ဥပဒေ၏အကာအကွယ်ကိုရရှိနိုင်ရန်လိုအပ်နေသည့် နစ်နာနေသော ပြည်သူများ အတွက် ပညာကြေးအခမဲ့ လိုက်ပေးခြင်းများကို ပြု လုပ်ဆောင်ရွက် ပေးနိုင်ခဲ့သဖြင့် တရားမျှတစွာအမှုမှန်ပေါ်ပေါက်စေခဲ့သည် ။
မျိုးဆက်သစ် ( ရှမ်းပြည် ) အဖွဲ့နှင့် ပူပေါင်း၍ အမျိုးသမီး စွမ်းဆောင်
ရေမြှင့် သင်တန်းများ ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကို လည်း
လုပ်ဆောင်ပေးနိုင် ခဲ့သည် ။ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်း ၊
လူအခွင့်အရေး ချိုး ဖောက်ခံရမှု့ များအား ဆောင့်ကြည့်ပေးခြင်း တို့ကို volunteer အဖြစ် လုပ်ဆောင် ပေးခဲ့သည် ။
လယ်ယာမြေသိမ်းဆီးခံရသော တောင်သူများအားစိုက်ပျိုးမြေ နေရာများ ပြန်လည်ရရှိနိုင်ရန် ဥပဒေ လမ်းကြောင်းမှ ကာကွယ်ဆောင်ရွက်ခြင်း ၊ လယ်ယာမြေ ဥပဒေ နှင့် ပတ်သက်ပြီး ဒေသခံ တောင်သူ တို့ကို ဥပဒေ ဆိုင်ရာ ဆွေးနွေး မှု များ လုပ်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့သည် ။