UDHR
Nov 11, 2015
Road to Happiness, Victor Figol (Year Unknown)
The final Figol piece in my collection is Road to Happiness.
You can see a couple walking together sharing an umbrella like the
previous pieces but this painting seems darker. Instead of bright colors
all around we see the people walking to a brighter place, or walking to
happiness. I love this painting, the rainy themes make beautiful
reflections and the bright colors make it exciting to look at.
The next artist I chose are Christo and
Jeanne-Claude. They are a married couple who create amazing
environmental works. Their art is planned, assembled, documented, and
then taken down. It is the sketches and photographs after that sell.
Christo and Jeanne-Claude are from Morocco and Bulgaria, they met in
Paris in 1958.
ဘဏ္ဍာရေးနှင့် မူဝါဒပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့် ဘတ်ဂျက် | |
Fiscal Policy Reform and Citizen Budget
ဘဏ္ဍာရေးမူဝါဒ
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေး မူဝါဒများနှင့် ရည်မှန်း ချက်များ အောင်မြင်စေရန် ဘဏ္ဍာရေးနှင့်
ငွေကြေးမူဝါဒများ အလွန် အရေးကြီးပါသည်။ ဘဏ္ဍာရေးမူဝါဒ ဆိုသည်မှာ
မေခရိုစီးပွားရေး တည်ငြိမ်မှုနှင့် ရေရှည်စီးပွားရေး ဖွံ့
ဖြိုးတိုးတက်မှုအတွက် အခွန် အကောက်များ၊ အစိုးရအသုံးစရိတ်များနှင့် အစိုးရ၏
ပြည်တွင်း ပြည်
ပချေးငွေရယူနိုင်စွမ်းတို့ကိုလိုအပ်သလိုသတ်မှတ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
ဘဏ္ဍာရေးမူဝါဒကို အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် အောက်ပါသုံးခုကို
အခြေခံမူဝါဒများအဖြစ် ချမှတ်ဆောင်ရွက်ရပါသည်။
အခွန်မူဝါဒ
အစိုးရ၏အသုံးစရိတ်များကို ကျခံနိုင်ရန်
ဝင်ငွေရှာဖွေရာတွင် အခွန်စည်းကြပ်ကောက်ခံရေးမှာ အဓိကကျပါသည်။
အခွန်စည်း
ကျပ်မှုနှင့်ပတ် သက်၍ ရသင့်ရထိုက်သောအခွန်ငွေ အပြည့်အ၀ရရှိစေရန်
ဈေးကွက်စီးပွားရေးစနစ်နှင့်
လိုက်လျောညီထွေဖြစ်သည့် အခွန်စနစ်ဖြစ်စေရန်၊
ပြည် တွင်းစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်
စုဆောင်းမှုတို့ကိုထိန်းညှိ
ရန်နှင့် စီးပွားရေး၊ လူမှုရေး ရည်မှန်းချက်များ
ကို အထောက်အကူပြုရန် စသည့်မူဝါဒများ ဖြင့် ဆောင်ရွက်ရပါသည်။
အသုံးစရိတ်မူဝါဒ
နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေ
ငွေစာရင်းအတွက် ရငွေ၊ သုံးငွေ နှစ်ပိုင်းရှိရာ အစိုးရဌာနများ၏
အသုံးစရိတ်ကို
ထည့်သွင်း သတ်မှတ်ပေးရပါ သည်။ ယင်းသို့ သတ်မှတ်ရာတွင်
ဦးစားပေးကဏ္ဍနှင့် စီမံကိန်းများလျာထား၍ ခွဲဝေပေးခြင်း၊
ပြည်သူလူထုကို
လက်ငင်းအကျိုးပြုနိုင်သည့် အသုံး စရိတ်များကို ဦးစားပေးသုံးစွဲခြင်း၊
ပညာရေးနှင့် ကျန်းမာရေး
အသုံးစရိတ် များကို မြှင့်တင်သုံး စွဲခြင်း၊
ပစ္စည်းဝယ်ယူမှုများကို ခြိုးခြံချွေတာခြင်း၊ ၀န်ထမ်းလစာများကို
တိုးမြှင့်ပေးခြင်း
စသည်တို့ပါဝင်ပါသည်။
စီးပွားရေးမူဝါဒ
မြန်မာနိုင်ငံသည်
စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် လယ်ယာကဏ္ဍနှင့်သက်ဆိုင်သော
ဆည်မြောင်းစီမံကိန်းများ၊ လယ်ယာသုံးစက် ကရိယာ ထုတ်လုပ်ရေး၊
ကုန်ချောထုတ်လုပ်နိုင်သည့် စက်ရုံကြီးများတည်ဆောက်ခြင်း၊
လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းများ၊ ပို့ဆောင်ရေး အတွက် လမ်းတံ
တားစီမံကိန်းများ စသည်ဖြင့် ဘတ်ဂျက် ရာထားခွင့်ပြုရပါသည်။
ဘဏ္ဍာရေးမူဝါဒနည်းလမ်းများ
စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဘဏ္ဍာရေးမူဝါဒများဖြင့် အောက်ပါနည်းလမ်းများသုံး၍ ဆောင်ရွက်နိုင်ပါသည်။
(က) ရင်းနှီးမြှုပ်နှံမှုအတွက်
ငွေကြေးအရင်းအမြစ်များ စုစည်းခြင်း- ယင်းတို့မှာ အခွန်ကောက်ခံခြင်း၊
နိုင်ငံပိုင်စီးပွားရေး
လုပ်ငန်းများမှ ရငွေ၊ ပြည်တွင်း၌
အစိုးရငွေချေးစာချုပ်များ ရောင်းချခြင်း၊ ပြည်ပမှအ ကူအညီနှင့် အထောက်အပံ့
ရယူခြင်း၊
ပြည် ပမှ ချေးငွေ ရယူခြင်းတို့ဖြစ်ပါသည်။
(ခ) ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း
ယင်းတို့မှာ အခြေခံအဆောက်အအုံ တိုးတက်ရန် ရင်းနှီးမြှုပ်နှံခြင်း၊
အခွန်အကောက်
ကင်းလွတ်ခွင့်ပေးခြင်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုမက်
လုံးများ ဖြစ်ပါသည်။
(ဂ) အရင်းအမြစ်များကို အကျိုးအရှိဆုံး
ခွဲဝေသုံးစွဲခြင်း ပြည်သူပိုင်ကဏ္ဍ၊ ပုဂ္ဂလိကပိုင်ကဏ္ဍတို့အကြား အရင်းအမြစ်များ
ခွဲဝေသုံး စွဲနိုင်ရန် ဘဏ္ဍာရေးမူဝါဒများဖြင့် ထိန်းညှိပေးနိုင်ပါသည်။
မြန်မာနိုင်ငံ၏ ဘတ်ဂျက်
မြန်မာနိုင်ငံ၏ ဘတ်ဂျက်ကို လေ့လာကြည့်ပါက
၁၉၉၈-၉၉ ခုနှစ်မှ လက်ရှိကာလအထိ ဘတ်ဂျက်လိုငွေ
ဆက်တိုက်ပြခဲ့ကြောင်း တွေ့ရ
မည်ဖြစ်ပါသည်။ ၁၉၈၈-၈၉ ဘဏ္ဍာ နှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ် ၆.၃
ဘီလီယံ
ရှိခဲ့သော်လည်း ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင်လို ငွေ ကျပ် ၂၄၇၁.၉ ဘီလီယံအထိ
မြင့်တက်ခဲ့ပါသည်။ အစိုးရသစ်လက်ထက်
တွင် အစော ပိုင်းနှစ်များ၌ လိုငွေကို
လျှော့ချနိုင်ခဲ့သော်လည်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တွင် သာမန်စာရင်း မှ လိုငွေ
ကျပ်
၂၇၉၁ ဘီလီယံနှင့် ထပ်ဆောင်း ခွင့်ပြုငွေ ကျပ် ၁၀၀၃ ဘီလီယံရှိကြောင်း
သိရပါသည်။
၂၀၁၅-၁၆ ခုနှစ် တွင်လည်း ဘတ်ဂျက်လိုငွေ ကျပ် ၃၈၂၇ ဘီလီယံရှိနိုင်
ကြောင်း ခန့်မှန်း ထားပါသည်။
မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေနှင့်
ဂျီဒီပီအချိုးသည် ပျှမ်းမျှ ၅ ရာခိုင်နှုန်းဝန်းကျင်ရှိသည်ဟု ဆိုနိုင်ပါသည်။
နိုင်ငံတော် အခွန်ရငွေနှင့် ဂျီဒီပီအချိုး
၁၉၈၈-၈၉ မှ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်အတွင်း
နိုင်ငံတော်၏ အခွန်
အကောက် ၁၅ မျိုးကို သက်ဆိုင်ရာ ၀န်ကြီးဌာနများ အလိုက်
ကောက် ခံပြီး ယင်းနောက်ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး
အစိုးရအဖွဲ့
များကလည်း သီးခြားကောက်ခံပါသည်။ ယင်းအခွန်
များ အနက် ပြည်တွင်း
အခွန်ဦးစီးဌာန မှ ကောက်ခံရသည့်
အခွန်ငွေမှာ စုစုပေါင်းအကောက်ခွန် ရငွေ၏ ၉၀
ရာခိုင်နှုန်းအထိ
ပါဝင်နေပါသည်။ အခွန်ရငွေကို ဂျီဒီပီနှင့် နှိုင်း
ယှဉ်ရာတွင်
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၌ အခွန်ရငွေနှင့်
ဂျီဒီပီ အချိုးမှာ ၁၀ ရာခိုင်နှုန်းအထက်ရှိသော်လည်း မြန်မာနိုင်ငံတွင်
၈
ရာခိုင်နှုန်းသာရှိသေးသဖြင့် အခွန်အပြည့်အ၀ ကောက်ခံ ရရှိရန်
အခွန်ဝန်ထမ်းများနှင့် အခွန်တမ်းများနှစ်ဘက်စလုံး
ဥပဒေနှင့်အညီ
လိုက်နာဆောင်ရွက်ကြရန် လိုအပ်နေဆဲဖြစ် ကြောင်း တွေ့ ရပါသည်။
ကဏ္ဍအလိုက် အသုံးစရိတ်တွင် ပါဝင်မှု
နိုင်ငံတော်၏ဘတ်ဂျက်ကို ကဏ္ဍများအလိုက်
ခွဲဝေသုံးစွဲမှုပုံစံလည်း ပြောင်းလဲလာသည်ကို အောက်ပါဇယားအရ
တွေ့ရပါသည်။
အထူးသ ဖြင့် ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့်
ကာကွယ်ရေးကဏ္ဍများတွင်
ပိုမိုသုံးစွဲ လာသည်ကို တွေ့ရ ပါသည်။
အသုံးစရိတ်များ
နိုင်ငံတော်၏ သုံးငွေစာရင်းတွင်
သာမန်စာရင်းနှင့်ငွေလုံးငွေရင်းအသုံးစရိတ်များ
ဟူ၍ရှိရာ
သာမန်အသုံးစရိတ်တွင် လစာစရိတ်၊ ပစ္စည်းဝယ် ယူမှု၊ လုပ်အားခ၊
ကုန်ကြမ်းဝယ်ယူခြင်း၊ ထုတ်လုပ်မှုစရိတ်၊ စီမံခန့်ခွဲမှုစရိတ်၊
ဖြန့်ဖြူးမှုစရိတ်၊ အခွန်၊ နိုင်ငံတော်ထည့်ဝင်ငွေ၊ အတိုးနှင့် ထောက်ပံ့
ငွေများပါဝင်ရာ ယင်းအသုံးစရိတ်များမှာ နှစ်စဉ်မြင့်တက်လျက်ရှိပါသည်။ငွေလုံးငွေရင်းအသုံးစရိတ်တွင်အခြေခံအဆောက်အအုံစီမံကိန်း
များနှင့်
အထူးဖွံ့ဖြိုးရေးစီမံကိန်းကြီးများဖြစ်သော စက်ရုံကြီးများ၊
ပို့ဆောင်ရေးလမ်းကြောင်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေးကဏ္ဍ
အတွက် ရင်းနှီးမြှုပ်နှံမှုများဖြစ်ပါသည်။နိုင်ငံတော်၏
သာမန်အသုံးစရိတ်နှင့်အပြိုင် ငွေလုံးငွေရင်းအသုံးစရိတ်များမှာလည်း
အချိုးအစားကြီးမားစွာ ပါဝင်ပါသည်။
နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းခြင်း
နိုင်ငံတော်၏ဘတ် ဂျက်လိုငွေ ကို
ဖြည့်ဆည်းနိုင်ရန် အတွက် ပြည်တွင်း၌ အစိုးရငွေ တိုက်စာချုပ်များ ရောင်းချ
ခဲ့ရပါသည်။ ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်တွင် ဤအစိုးရငွေ တိုက်စာ ချုပ်များ
ရောင်းချထားမှု အခြေအနေ ကို အောက် ပါအတိုင်းတွေ့ရပါသည်။ ၂၀၁၁-၁၂ မှ ၂၀၁၄-၁၅
အထိ အစိုးရအ ပေါ်ပြည်တွင်းမှတင်ရှိနေသည့် ကြွေးမြီမှာ ကျပ် ၁၀၈၁၅ ဘီလီယံ
ရှိကြောင်းသိရပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိအစိုးရတာဝန်ယူပြီးနောက်ပိုင်း
၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ နိုင်ငံတကာနှင့် အပြည်ပြည်ဆိုင်
ရာအဖွဲ့အစည်းများမှ အကူအညီ အထောက်အပံ့ရရှိမှုမှာ အမေရိကန်ဒေါ်လာ ၂၃၄၃
သန်းဖြစ်ကြောင်း သိရပါသည်။ ၀န်ကြီးဌာနအလိုက် အ ထောက်အပံ့ရရှိမှုတွင်
ဆောက်လုပ်ရေး၊ လယ်ယာ/ဆည်မြောင်း၊ နယ်စပ်ရေးရာ၊ ကျန်းမာရေးနှင့်
မွေးရေ/ကျေးလက်က အများဆုံးဖြစ်ပါသည်။ နိုင်ငံအလိုက် အကူအညီပေးမှုတွင်
ဂျပန်နိုင်ငံက အများဆုံးဖြစ်ပြီး ယင်းနောက် အိန္ဒိယ၊ သြစတေးလျ၊
ကိုရီးယားနှင့် ဂျာမနီနိုင်ငံတို့ အစဉ်လိုက်ပါ သည်။ ကဏ္ဍအလိုက်
အထောက်အပံ့ရရှိမှုအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍ(၂၉%)၊ လူမှုရေး(၁၅%)၊ လယ်ယာ(၁၄%)၊
ကျန်းမာရေး(၁၀%)နှင့် ပညာရေး(၆%) အသီးသီး ဖြစ်ကြပါတယ်။ ယင်းအပြင်
နိုင်ငံတော် အစိုးရမှ နိုင်ငံတကာချေးငွေများရယူပြီး ဘတ်ဂျက်လိုငွေကို
ဖြည့်ဆည်းရလျက်ရှိပါသည်။ ၂၀၁၁-၁၂ မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ အစိုးရအပေါ်
ပြည်ပမှတင်ရှိနေသည့် ကြွေးမြီမှာ ကျပ်ဘီလီယံ ၉၀၀၀ ကျော်ရှိကြောင်း
သိရပါသည်။
ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုနှင့် ဘဏ္ဍာရေးမူဝါဒများ
ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ၂၀၁၁-၁၂
ဘဏ္ဍာနှစ်မှစ၍ ဆောင်ရွက်လာခဲ့ပါသည်။ အခွန်ရငွေတိုးတက်စေရန် အခွန်ရုံးမှစည်း
ကြပ်သည့်စနစ်(Official Assessment) မှ အခွန်ထမ်းကိုယ်တိုင်
အခွန်စည်းကြပ်သည့်စနစ်(Self-Assessment system)သို့ ကူးပြောင်းဆောင်
ရွက်ရန် မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဘတ်ဂျက်ကို
နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့် Citizen Budget ဖြစ်ရန် ဆောင်
ရွက်လျက်ရှိပါသည်။ အသစ်ဖွဲ့စည်းခဲ့သော ငွေတိုက် ဦးစီးဌာန ၏ ငွေကြေးစီမံ
ခန့်ခွဲမှု တိုးတက်ရန်နှင့် ပြည်တွင်း ပြည်ပကြွေးမြီဆိုင်ရာ မဟာဗျူဟာ
(Public Debt Strategy)နှင့် ပြည်သူ့ကြွေးမြီ ဥပဒေ ပြဋ္ဌာန်းနိုင်ရေး
စီစဉ်လျက်ရှိကြောင်း သိရပါသည်။ပင်စင်စနစ် ပြုပြင်ပြောင်းလဲခြင်းကို ဆောင်
ရွက်ထားပြီး ဖြစ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ ရသုံးခန့်မှန်းခြေစာရင်း
ပြည်ထောင်စုအဆင့်
ရသုံးခန့်မှန်းခြေစာရင်းများ ရေးဆွဲသုံးစွဲရသကဲ့သို့
တိုင်းဒေသကြီး/ပြည်နယ်များ၏ ရသုံးခန့်မှန်းခြေစာရင်း များကိုလည်း
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရေးဆွဲရပါသည်။ သီးခြားဥပဒေများဖြင့်
မိမိရန်ပုံငွေပေါ် မိမိရပ်တည်နေသည့် စည်ပင်သာယာရေးကော်မတီများ၊ အ
ဖွဲ့များနှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့များ၏
ရသုံးငွေများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရသုံးခန့်မှန်းခြေ
စာရင်းများတွင် ထည့်သွင်းရေးဆွဲရပါသည်။ တိုင်းဒေသကြီး/ပြည်နယ် များ၏
ဘတ်ဂျက်တွင် လိုငွေပေါ်ပေါက်လာပါက ပြည်ထောင်စု ဘဏ္ဍာရန်ပုံ ငွေမှ
ဖြည့်တင်းခြင်း၊ အထူးကိစ္စ အဖြစ် တောင်း ခံခြင်း၊ ချေးငွေအဖြစ်
တောင်းခံခြင်းများကို ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်ဖြင့် ဆောင်
ရွက်ရပါသည်။
Citizen Budget
လက်ရှိအခြေအနေတွင် နိုင်ငံတော်ဘတ်ဂျက်ကို
ပြည်သူလူထုရော၊ လုပ်ငန်းရှင်များပါ စိတ်ဝင်စားမှု လျော့နည်းနေသေး သည်ကို
တွေ့ရှိရပါ သည်။ ဘတ်ဂျက်နှင့်ပတ်သက်၍ လွှတ်တော်အသီးသီး၌သာ ဆွေးနွေးခြင်း၊
အတည်ပြုခြင်း တို့ ပြုလုပ်ကြပါ သည်။ နိုင်ငံသားများသည် ဘတ်ဂျက်
အသုံးစရိတ်များနှင့် ယင်းအသုံးစရိတ်များကို အကောင်အထည်ဖော်မှု ပိုင်းကို
လေ့လာ မှုနှင့် ထောက်ပြနိုင်မှု အားနည်းခဲ့လျက်ရှိကာ Citizen Bud -get တွင်
ပွင့်လင်းမြင်သာမှုရှိရေးနှင့် ပညာပေးရေးမှာ အထူးလိုအပ် လျက်ရှိပါသည်။
နိဂုံး
၂၀၁၁-၁၂ မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ
လေးနှစ်အတွင်း ဘတ်ဂျက်လိုငွေစုစုပေါင်းမှာ ကျပ်ဘီလီယံ ၇၂၀၀ ကျော်ရှိကြောင်း
သိရပါသည်။ ယင်းလိုငွေပမာဏအတွက် နိုင်ငံတကာချေးငွေနှင့်
အထောက်အပံ့များရယူခြင်း၊ အစိုးရငွေတိုက်စာအုပ်များ ရောင်း ချခြင်း၊
အခွန်ကောက်ခံခြင်း တို့ဖြင့် ဖြည့်ဆီးရလျက်ရှိပါသည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို အထိုက်အသင့်ဆောင် ရွက်ပြီးဖြစ်၍
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှရငွေ နှစ်စဉ် လျော့နည်းလာမည်
ဖြစ်ပါသည်။ နိုင်ငံတော်ဘတ်ဂျက်လိုငွေကို အခြားသောနည်း များဖြင့်
ထပ်မံဖြည့်ဆည်းရမှုကြောင့် ငွေဖောင်းပွနှုန်း မကြီးမား စေရေးနှင့်
ရငွေသုံးငွေညီမျှသော ဘတ်ဂျက်ဖြစ်ရေးတို့မှာ စီမံခန့်ခွဲ သူများနှင့်
ဥပဒေကိုထိန်းကျောင်းရသူများ၏ အဓိကတာဝန်ဖြစ်ပါသည်။
|
Subscribe to:
Posts (Atom)